当前时间:2018年06月17日 星期日 16:02:31
瑞丽市景颇大地翡翠文化交流中心-北方联盟阵线> > 浏览
缅甸军方宣布民盟党获胜选票非法
0 northernalliance 2021年01月26日

Screenshot_20210126_184153.jpg

   缅方军方举行新闻发布会宣布民盟党部分选票非法,在3720万的获胜选票中有860万选票是非法获取。

   军方宣布此举动不是政变而是在维护缅甸的国家宪法和法律公道,也不保证不政变。

အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း တပ်မတော်ပြော

 

တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။


ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းဌာနတစ်ခုက တပ်မတော်အနေနဲ့ အာဏာသိမ်းဖို့မရှိဘူးလို့မှတ်ယူလို့ရမလားလို့ မေးမြန်းချက်ကို ၎င်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။


"မရပါဘူး။ ကျွန်တော်ပြောတဲ့အထဲမှာပါပြီးသားဖြစ်တယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမည်ဖြစ်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။ 

တပ်မတော်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေမှာ မဲမသမာမှုတွေကို  သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပေးရန် တောင်းဆိုလိုက်ပြီး  လက်ရှိ မြို့နယ် ၃၀၀ ကျော်မှ မဲစာရင်းများကို စိစစ်သည့်အခါ မဲမသမာမှု ၈ သန်း ၆ သိန်းကျော် စိစစ်တွေ့ရှိရကြောင်းလည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ အရေးပေါ်အခြေအနေပေါ်ပေါက်ရင် သမ္မတအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးခေါ်ယူပြီး နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်နိုင်ပါတယ်။ ဒါပေမဲ့ သမ္မတက သဘောမတူရင်တော့ အာဏာသိမ်းလို့မရဘဲ အဲဒီကြားက အာဏာသိမ်းမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး ၁၉၆၂၊ ၁၉၈၈ ခုနှစ်ကလို အာဏာသိမ်းတဲ့ဖြစ်စဉ်လို ဖြစ်သွားမယ်လို့ ဥပဒေပညာရှင်ဦးကြီးမြင့်က ထောက်ပြထားပါတယ်။


ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-Ye Myo Khant/MPA

FB_IMG_1611652494928.jpg

FB_IMG_1611652523952.jpg


FB_IMG_1611652494928.jpg


FB_IMG_1611652529773.jpg


FB_IMG_1611652506485.jpg


文章点评
下级分类
关注我们